29 episodios
- Season 3
ဉာဏ်သူပုန်အပိုင်းသစ်
"ရှေးကတော့ပိုခြစ်ကြဒယ်"
မြန်မာတို့ရဲ့ ကျိန်စာဆိုးတစ်ခုကို အပိုင်းခွဲပြောပြသွားမယ့် မောင်ရင်ရဲ့ အပိုင်းသစ်ဖြစ်ပါတယ်။ ဒီကျိန်စာဟာ ဘယ်သူမှတိုက်ခဲ့တာမဟုတ်ဘဲ လူတွေကိုယ်တိုင် အရိုးစွဲကျင့်သုံးနေတဲ့ ဓလေ့တစ်ခုဖြစ်လာတာကို တဖြည်းဖြည်း ပုံပေါ်လာအောင် ဆွေးနွေးထားပါတယ်။
ပဏာမပိုင်းအနေနဲ့ တင်ဆက်သူ မောင်ရင်ကြုံတွေ့ခဲ့ရတဲ့ ရှင်ပြုပွဲတစ်ခုက အဖြစ်ပျက်တွေနဲ့ဖွင့်ထားပါတယ်။ ထုံးစံအတိုင်း သူ့ရဲ့ဓလေ့ထုံးတမ်းဆိုင်ရာ အရွဲ့အထေ့တွေနဲ့ အဖြစ်ပျက်ကို တစ်ကွက်ချင်း နားသောတဆင်ခြင်နိုင်ဖို့ ဆော်ဩလိုက်ရပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork - မြန်မာပြည်ဖွားတွေဟာ မြန်မာ့ဂီတနဲ့ ဘယ်လိုမှ မကင်းနိုင်ပါဘူး။ ပျင်းတွဲ့တွဲ့ကြီး မကြိုက်ဘူး၊ အိပ်ငိုက်တယ်၊ နားညည်းတယ်ဆိုရင်တောင် သူများဖွင့်ထားတာကနေ ကြားကြရပါတယ်။ ဒီလိုနဲ့ နားထဲမှာ လာစွဲနေတော့တာပါပဲ။ ဟိုးရှေးက မဟာဂီတသီချင်းတွေ၊ နှောင်းခေတ်ကာလပေါ်တေးတွေနဲ့ လက်ရှိ ရီမစ်၊ ဖြူးရှင်းတွေ လုပ်ကြတဲ့ ခေတ်တွေအထိ မြန်မာ့ဂီတသံမျိုးစုံက ဒီတိုင်းပြည်ထဲ မှီတင်းနေကြသူတွေအပေါ် လွှမ်းမိုးမှုရှိတယ်။ ဥပမာ မနက်ပိုင်းမင်္ဂလာယူဖွင့်တတ်တဲ့ မြန်မာတွေကြိုက်လှတဲ့ ကြည်နူးဖွယ်ရေကင်းသံ ဘုံဆောင်မြင့်သီချင်းဟာ မဟာဂီတအခြေခံကြိုးသီချင်းတွေထဲက တစ်ပုဒ်ပါ။ အဲ့ ခက်နေတာက မြန်မာသံတွေဆိုကြတော့မယ်ဆိုရင် မြန်မာသံတီးမှုတ်တတ်သူက မိတ်ဆွေအပေါင်းသင်းတွေထဲ ရှားပါးလေ့ရှိပါတယ်။ လူကြားထဲရှိနေတဲ့ ဂစ်တာတစ်လက်ကို လူတိုင်းကောက်တီးနိုင်ဖို့ဖြစ်နိုင်ပေမဲ့ မြန်မာသံတွေ၊ တူရိယာတွေကျတော့ နီးစပ်တဲ့သူတွေပဲ တီးတတ်မှုတ်တတ်တာ။ ဆိုင်ရာထွန်းကားတဲ့ ဒေသတွေမှာတော့ ပေါပါလိမ့်မယ်။ ဒါပေမဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆို ရှားတယ်လို့ဆိုနိုင်ပါတယ်။ အရင်ကတော့ ပြည်ပရောက်ဆရာကြီးတွေ၊ ပညာရှင်တွေ ဆုံရင်တီးခတ်ကြတာတွေရှိပေမဲ့ အနုပညာအသိုင်းဝိုင်းကလွဲရင် သာမန်လောကမှာတော့ ရှားဆဲပါပဲ။
အကြောင်းအားလျော်စွာပဲ ဉာဏ်သူပုန်မိတ်ဆွေများထဲမှာ မြန်မာသံကီးဘုတ်၊ မောင်းဆိုင်း၊ ဒိုးအုပ်စုံတွေတီးတတ်တဲ့ လူငယ်မိတ်ဆွေတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်လောက်က ခင်မင်ခွင့်ရခဲ့ပါတယ်။ မင်းသားကမှာလည်း ရွှေတံဆိပ်တွေ ဆွတ်ခူးခဲ့ဖူးသူပါ။ ဒီတစ်ခါတော့ သူနဲ့ ဉာဏ်သူပုန်တင်ဆက်သူမောင်ရင်တို့ သင်္ကြန်အကြောင်း၊ ဆိုကရေးတီးအကြောင်း၊ အလကားကျော်စွာတွေအကြောင်း၊ ဖက်ခွက်စားအကြောင်း၊ အနုသဘင်လောကအကြောင်း၊ ဘွိုင်းကောက်အကြောင်းတွေကို တတ်မှတ်သလောက်ပြောဆို အလွမ်းဖြေကြမှာဖြစ်ပါတယ်။ စကားပြောရင်းနဲ့မှ ၁၀ မိနစ်ကို တစ်ကြိမ်လောက် သင်္ကြန်သီချင်းတစ်ပုဒ်စီ တီးလုံးလေးတွေတီးပြီး နားထောင်ကြသူအပေါင်းကို မပျင်းရအောင် အငြီးဖြေ တီးခတ်ဖျော်ဖြေထားပါတယ်။ အဲ့အတွက် မူလဖန်တီးသူဆရာကြီးများကို ဒီနေရာကနေ ဂါရဝပြုပါတယ်။ မြန်မာမှုတွေကို စိတ်ဝင်စားကြတဲ့ နားဆင်ကြတဲ့၊ မတောက်တခေါက်တီးခတ်ကြတဲ့ ဝါသနာရှင်၊ စေတနာရှင် မိတ်ဆွေတွေ၊ ပရိတ်သက်တွေအနေနဲ့သာ ယခုအပိုင်းကို ဝေဘင်စောကြောပြောဆိုကြတာမို့ အဆင့်မြင့်အနုပညာရှင်ကြီးများက ဗွေယူမယ်ဆိုလည်း ယူကြပါ။
ဒါဖြင့်ဉာဏ်သူပုန်ပေါ့ဒ်ကတ်စ်က ဘယ့်နှယ့်ယဉ်ကျေးမှုတော်လှန်ရေးဘာညာပြောပြီး ဒါတွေလျှောက်ပြောနေရသလဲ။ ယဉ်ကျေးမှုတွေထဲမှာ နှစ်သက်ဖွယ်ကောင်းတဲ့၊ အစွန်းရောက် ရှေးရိုးမစွဲတဲ့၊ ကိုယ်ပိုင်လက္ခဏာတွေရှိတဲ့အမှု(မြန်မာမှု) တွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒါတွေကို လက်နက်သဖွယ် အသုံးချနေတဲ့ အာဏာရှင်ယန္တရားကလည်း ရှိနေပြန်တယ်။ သင်္ကြန်တွင်းမှာ အိမ်တွင်းကနေ သင်္ကြန်ကိုခံစားရင်း စကားစမြည်ပြောကြရာက ဒီအကြောင်းအရောတွေဆီ ရောက်သွားတဲ့သဘောပါပဲ။
သင်္ကြန်သီချင်းတွေကို အတတ်နိုင်ဆုံး တူညီအောင် တီးလုံးတွေချည်း တီးထားကြတာဖြစ်တဲ့အတွက် စိတ်ပါရင် နားဆင်ရင်းနဲ့ လိုက်ဆိုနိုင်ပါပြီ။ တီးပေးတဲ့ကိုလင်းကိုလည်း များစွာကျေးဇူးတင်ရှိပါတယ်။ အားလုံးကို အတာကာလကစပြီး အဆိုးအပေါင်းကနေ ဝေးကင်းကြပါစေကြောင်း မေတ္တာဖြင့် တင်ဆက်လိုက်ရပါတယ်။
နောက်ခံသီချင်းတစ်ပုဒ်ဖြစ်တဲ့ မြဝတီမင်းကြီးဦးစရေး
လေပြေဆော်သွင်း(သွေး) မြူး - မြင်းတက်ယိုးဒယားသီချင်းကတော့ လွန်ခဲ့တဲ့လက တီးထားတာဖြစ်ပါတယ်။
ဒိုးအုပ်စုံ/ ကီးဘုတ် - ကိုလင်း
စည်းဝါး- ကိုအောင်မြသန်း
ယကွင်းအိမ်ဖြည့် - မောင်ရင်
သင်္ကြန်သီချင်းတွေကတော့ ဒီအပိုင်းအတွက်သီးသန့်တီးခတ်ထားတာပါ။
ကီးဘုတ် - ကိုလင်း
စည်းဝါး - မောင်ရင်
ဂစ်တာအိမ်ဖြည့် - မောင်ရင်
ဒိုး - (သင်္ကြန်ကာလငှားရခက်၊ ဈေးကြီးလို့ မပါ) - Season 3ဉာဏ်သူပုန် အပိုင်းသစ်
ဉာဏ်သူပုန်ရဲ့ ဖေဖော်ဝါရီအမီတင်ဆက်တဲ့အပိုင်း ဖြစ်ပါတယ်။ နှစ်ကူးမှာ မင်္ဂလာယူဆဲဆဲလူထုကို အမင်္ဂလာနဲ့အနိဌာရုံတွေပဲ ဖြစ်စေခဲ့တဲ့ကာလအစကို စပ်စုလှတဲ့မောင်ရင်က တစ်စွန်းတစ်စ လှစ်ဟပြမှာပါ။ တကယ်လို့သင်ဟာ မှန်စီရွှေချထားတဲ့နံရံကြီးတစ်ခုကို မျက်နှာမူနေရင် ကွဲပြားလှတဲ့ ဘဝမှန်ကူကွက်တွေထဲက ကိုယ်စိုက်ကြည့်လိုက်တဲ့မှန်ကွက်ကိုပဲ မြင်ရသလိုမျိုး မောင်ရင်မြင်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ချို့ကို ထုံးစံအတိုင်း ဥပမာဥပမေယျတွေနဲ့ နှိုင်းယှဉ်ပြောပြထားပါတယ်။
အဆွေတို့အားလုံး နားသောတဆင်ခြင်ပြီး ဒီနှစ်ဖေဖော်ဝါရီရဲ့နောက်ဆုံးနေ့မှာ ချမ်းမြေ့အားယူနိုင်ကြပါစေ၊ အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေ တွေ့ရှိခံစားနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်လိုက်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork - Season 3
လူတွေဟာ မိမိတို့ဘဝကို စတေးပြီးတော့ နိုင်ငံရေးတွေလုပ်နေရတာ ကြာမြင့်လှပြီဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူထုမှာ ပိုကြာပါတယ်။ မျိုးဆက်အသီးသီးကလည်း နားငြီးလှပြီ၊ ဒီအဆင့်ကိုကျော်လွန်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့၊ လွတ်လပ်စွာ ဖန်တီးနေထိုင် အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့် မျိုးဆက်အသီးသီးလက်ဆင့်ကမ်းပြီး လွတ်မြောက်ရေးခရီးရှည်ကို ချီတက်နေကြတာပေါ့။ လွတ်လပ်မှုဆိုတာ လူတွေရဲ့ ပန်းတိုင်အနေနဲ့ရှိနေပေမဲ့ လူသားထုရဲ့ လွတ်လပ်မှုကို ဖိစီးနေတဲ့ စစ်အာဏာရှင်တွေရဲ့ ခေတ်သစ်ခြေလှမ်းတွေဖြစ်ကြတဲ့ အာဏာရှင်ချင်း နည်းပညာပိုင်းကူညီတာ၊ နိုင်ငံရေးဖိနှိပ်တဲ့ နည်းစနစ်တွေကို မျှဝေတာတွေကို အခုနောက်ပိုင်းမှာ ပိုပြီးတွင်ကျယ်လာပါတယ်။ ရွေးကောက်ပွဲကို အသုံးချတာကလည်း အဲ့ဒီနည်းတွေထဲကတစ်ခုမှန်း လူတွေသိနေကြပါပြီ။
BPN က ပေါ့ဒ်ကတ်စ်တွေကို အပတ်စဉ် အဆက်မပြတ်တင်နေရာမှာ ယခုတစ်ဖန် အလှည့်ကျလာတာကတော့ ဉာဏ်သူပုန်ပဲဖြစ်ပါတယ်။ မြန်မာပြည်မှာလုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဉာဏ်သူပုန်မိတ်ဆွေများ အချင်းချင်း ပြောဆိုတွေးတောကြတဲ့ အချက်တွေနဲ့ ထုံးစံအတိုင်း မောင်ရင့်ဝေဒနာတွေ၊ ဝေဘင်ချက်တွေအပြင် ရွေးကောက်ပွဲဟာအဖြေလားဆိုတဲ့ မေးခွန်းကိုလည်း တစ်စွန်းတစ်စ ဆွဲထုတ်ထား စောကြောထားပါသေးတယ်။ ဒီပေါ့ဒ်ကတ်စ်ဟာ အာဏာရှင်ချင်း သွေးစည်းညီညွတ်တဲ့ခေတ်မှာ တရားမျှတမှုကို လိုချင်သူချင်း သွေးစည်းညီညွတ်ကြဖို့အတွက် ဆော်ဩချက်တစ်ခုဖြစ်ပါလိမ့်မယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork - Season 2
အရင်လတွေမှာ BPN ရဲ့ ဉာဏ်သူပုန်မောင်ရင်တစ်ယောက် နေထိုင်မကောင်းတာနဲ့ သူ့ရဲ့ဝန်ထမ်းလောကအကြောင်း အပိုင်းဆက်မတင်နိုင်သေးဘဲ သူအရင်ကပြောခဲ့တဲ့ အပိုင်း တစ်ခုတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝန်ထမ်းလောကရဲ့ နောက်ထပ်ဇာတ်လမ်းတိုလေး ခပ်များများနဲ့ ဉာဏ်သူပုန်နောက်တစ်ပိုင်းလာပါပြီ။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၂၁ ထိ သူကျင်လည်မြင်တွေ့ခဲ့ရတဲ့ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းဘဝတွေအပြင် သူကိုယ်တိုင်တိုက်ရိုက်ကြုံတွေ့ခဲ့ရတဲ့ မိတ်ဆွေတို့နဲ့ ဘဝတူအခြေအနေတချို့ ကို မီးဆလိုက်နဲ့ တစ်ကွက်ချင်းထိုးထားပါတယ်။ ဒီအပိုင်းဟာ ဝန်ထမ်းလောကအကြောင်း ပတ်သက်ပြီး မောင်ရင်ပြောထားတဲ့ ဒုတိယနဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။
နောက်ဆုံးမှာ သူထုတ်ထားတဲ့မေးခွန်းကိုလည်း BPN ကတဆင့် တဆိတ်ပြန်ဖြေခဲ့ကြလို့ ရပါသေးတယ်။ မာရသွန်ပြောထားတဲ့အပိုင်းဆိုတော့ နားထောင်ကြသူတွေကို သူ့လေနဲ့ပြောရရင် “နားသည်းခံတော်မူကြပါဦးဗျို့” လို့အရွှန်းဖောက်ချင်ပါတယ်။
Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
Más podcasts de Cultura y sociedad
Podcasts a la moda de Cultura y sociedad
Acerca de ဉာဏ်သူပုန် ရေဒီယို
တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာသည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။
မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဉာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ။
Sitio web del podcastEscucha ဉာဏ်သူပုန် ရေဒီယို, Radio Ambulante y muchos más podcasts de todo el mundo con la aplicación de radio.net

Descarga la app gratuita: radio.net
- Añadir radios y podcasts a favoritos
- Transmisión por Wi-Fi y Bluetooth
- Carplay & Android Auto compatible
- Muchas otras funciones de la app
Descarga la app gratuita: radio.net
- Añadir radios y podcasts a favoritos
- Transmisión por Wi-Fi y Bluetooth
- Carplay & Android Auto compatible
- Muchas otras funciones de la app


ဉာဏ်သူပုန် ရေဒီယို
Escanea el código,
Descarga la app,
Escucha.
Descarga la app,
Escucha.
ဉာဏ်သူပုန် ရေဒီယို: Podcasts del grupo
































