PodcastsCultura y sociedadThe Travelling Lion | Myanmar Podcast

The Travelling Lion | Myanmar Podcast

Thiha Lu Lin
The Travelling Lion | Myanmar Podcast
Último episodio

51 episodios

  • The Travelling Lion | Myanmar Podcast

    ပန်းပွင့်တို့၏နေ့စဉ်ချစ်ခြင်း [ဂျူး] Audiobook, Read by Thiha Lu Lin သီဟလုလင်

    07/2/2023 | 32 min
    ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ ပေးလေ့ပေးထရှိတဲ့ အသိပညာဗဟုသုတတွေလည်း ပါဝင်တဲ့ ဝတ္ထုတိုလေးကို ပညာပေးမဆန်ဘဲ ရသအစွမ်းနဲ့ဖတ်ရသူ မပျင်းရိရဘဲ စီးမျောသွားအောင် ရေးဖွဲ့သွားပါတယ်။

    စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |
  • The Travelling Lion | Myanmar Podcast

    မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ [ဂျူး] Audiobook by သီဟလုလင်

    25/1/2023 | 8 min
    ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်ပျက်တတ်တာလေးကတော့ အတူတူပဲမို့ လူတိုင်း ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ 

    စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |
  • The Travelling Lion | Myanmar Podcast

    ထိုင်း ဘန်ကောက် မှာ ကားမောင်းလိုင်စင် လုပ်ပြီး ကားမောင်းမယ်ဆိုရင် | Driving in Bangkok Thailand

    30/10/2022 | 13 min
    ထိုင်းနိုင်ငံ ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိသွားလာလည်ပတ်လုပ်ကိုင်နေကြသူတွေ ဒီနှစ်အတွင်းမှာ အတော်လေး များလာပါတယ်။ စာရင်းအရ တစ်နှစ်အတွင်းမှာ မြန်မာလုပ်သား ၄ သန်းကနေ ၁၀ သန်းအထိ တိုးသွားတယ်လို့ ဖော်ပြတာကြောင့် ထိုင်းနိုင်ငံမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်လာပြီး အလုပ်လုပ်နေသူ မြန်မာအရေအတွက် အတော်လေးများနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ကားမောင်းဖို့လည်း အကြောင်းဖြစ်လာကြပါတယ်။ ထိုင်းရဲ့ တခြားဒေသတွေမှာ ကားမောင်းရတာက ဘန်ကောက်လို ခက်ခဲရှုပ်ထွေးမှုမျိုးနည်းလို့ တခြားမြို့တွေမှာ နေထိုင်သွားလာသူတွေအတွက် မြန်မာပြည်မှာ ကားမောင်းအတွေ့အကြုံရှိထားရင် အရမ်းလွယ်ကူပါတယ်။ ဘန်ကောက်ရဲ့မိုးပျံလမ်း အထပ်ထပ်ကြောင့်သာ မျက်စိလည်စရာဖြစ်ရပြီး အမြန်လမ်းတွေကြောင့် ရုတ်တရက် ကြောက်စိတ်ဖြစ်ရတတ်ပါတယ်။ ဒီအကြောင်းလေးတွေကို ဒီ Podcast မှာ ပြောထားသလို ဘန်ကောက်မှာ ယာဉ်မောင်းလိုင်စင် ဘယ်လိုလုပ်သလဲဆိုတာပါ ပြောပြပေးထားပါတယ်ဗျ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |
  • The Travelling Lion | Myanmar Podcast

    ခရီးသွားရင်း သီချင်းနားထောင်တယ် (၇၀၊ ၈၀ ခုနှစ်များဆီ)

    05/11/2021 | 1 h 18 min
    ကျွန်တော် ခုချိန်ထိ အပျော်ခရီးဆိုတာ မထွက်ဖြစ်သေးဘူး။ ခရီးသွား Blogger က ခရီးမသွားရတော့ အတော်လေး အကျဉ်းကျခံနေရသလိုပါပဲ။ ဒါပေမဲ့ ခရီးသွားရတဲ့ ခံစားမှုလေးမျိုးကို ကိုယ့်ဟာကိုယ်ပဲ ဖန်တီးယူပါတယ်။ အဲ့ဒါက သီချင်းတွေနားထောင်တာပါ။ ကျွန်တော်က ခရီးသွားတိုင်း သီချင်းနားထောင်တယ်။ သီချင်းအမျိုးအစားစုံကို နားထောင်ရတာကြိုက်တယ်။ စတီရီယိုခေတ်ဦးက သီချင်းတွေထိကို ပြန်ရှာနားထောင်တတ်တဲ့အထိ သီချင်းတွေကို စွဲလမ်းသူပါ။ ဒါကြောင့်လည်း ဒီနေ့ Podcast လေးမှာ ၇၀ နဲ့ ၈၀ ခုနှစ်တွေတုန်းက သီချင်းကောင်းလေးတွေ ကျွန်တော် ရှာတွေ့သမျှ နားထောင်မိသမျှ သဘောကျတာလေးတွေကို ရင်ဘတ်ချင်းတူသူတွေလည်း နားဆင်နိုင်ဖို့ ပြန်ပြီးဝေမျှပါတယ်ခင်ဗျာ။ ခရီးမထွက်ရရင် သီချင်းနားထောင်ပြီး ခရီးသွားရတုန်းက ခံစားမှုတွေ ပြန်ခံစားကြရအောင်ပါဗျ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |
  • The Travelling Lion | Myanmar Podcast

    အမှတ်တရများစွာနဲ့ နတ်မတောင်တက်ခရီး | How we trekked Mount Victoria in Chin Land

    25/9/2021 | 44 min
    သုံးမည်ရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကမ္ဘာကျော်တောင်ထိပ်ကို ကျွန်တော်တို့ ခြေလျင်ခရီး အတက်အဆင်း သွားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သွားခဲ့တဲ့ နတ်မတောင် (သို့မဟုတ်) ဝိတိုရိယတောင် ခရီးစဉ်က အခုထိတိုင် ပြန်ပြောတိုင်း ပြန်မြင်ယောင်ဆဲ၊ ပြန်ကျေနပ်ပျော်ရွှင်ရဆဲ ပါပဲ။ သဘာဝအလှတရားတွေ မပျက်စီးသေးဘဲ ကျန်ကြွင်းနေဆဲ ဒီနယ်မြေတွေဟာ အခုအခါမှာတော့ ထိတ်လန့်တုန်လှုပ်စရာ နိုင်ငံရေးအပြောင်းအလဲရဲ့ ဓားစာခံ မြေဇာပင်တွေ ဖြစ်နေရပြီလို့ ဆိုရပါတော့မယ်။ သိပ်လှတဲ့ ချစ်ရသော ချင်းမြေ ကို ‌အမြန်ဆုံး ဘေးကင်းရှင်းပြီး အရင်လို ခရီးသွားတွေနဲ့ ပြန်လို့ အသက်ဝင်စေချင်လှပါပြီ။ ဒီနေ့ Podcast လေးမှာလည်း တကယ်ကို လွမ်းစရာဖြစ်ရတဲ့ ဒီခရီးစဉ်ကို တင်ဆက်ပေးထားပါတယ်ခင်ဗျာ။

     

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

Más podcasts de Cultura y sociedad

Acerca de The Travelling Lion | Myanmar Podcast

This Podcast is hosted by Myanmar Blogger/Vlogger Thiha Lu Lin also known as Thiha, the Traveller. The name ”Thiha” refers Lion in Burmese. This podcast is about travel experiences, lifestyle and much more. Thiha Lu Lin is a Burmese travel blogger, writer and radio dj.
Sitio web del podcast

Escucha The Travelling Lion | Myanmar Podcast, El Estoico | Estoicismo en español y muchos más podcasts de todo el mundo con la aplicación de radio.net

Descarga la app gratuita: radio.net

  • Añadir radios y podcasts a favoritos
  • Transmisión por Wi-Fi y Bluetooth
  • Carplay & Android Auto compatible
  • Muchas otras funciones de la app
Aplicaciones
Redes sociales
v8.5.0 | © 2007-2026 radio.de GmbH
Generated: 2/10/2026 - 3:05:37 AM