23 episodios
- Marketing နဲ့ ပတ်သက်တဲ့ termsတွေနှင့် ရှယ်Strategies တွေကို အလကား(Free)သိရမဲ့ အဖိုးတန် room 🤯 ပြိုင်ဆိုင်မူများတဲ့ red ocean ထက် ပြိုင်ဆိုင်မူနည်းပြီး အမြတ်များတဲ့ blue ocean ထဲမှာ ဘယ်လို market တွေရှာကြမလဲ၊ ဘယ်လို strategies တွေသုံးသင်လဲဆိုတာတွေကို ဒီroomထဲမှာ နားထောင်ရမှာဖြစ်ပါတယ်။ ကိုဝဏ္ဏက သူရဲ့လုပ်ငန်းမှာ ကိုယ်တိုင်အသုံးပြုတဲ့ blue ocean ရှာတဲ့ strategy နှစ်ခုကိုသေချာရှင်းပြခဲ့ပြီး ၊ကိုလပြည်ကတော့ ဖယ် ၊ မြင့် ၊ လျော့၊ လုပ် ဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ blue ocean strategy ကို မျှဝေပေးထားပါတယ်။ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းတည်တောင်ဖို့ရည်ရွယ်ထားတဲ့သူ ၊လက်ရှိကိုယ်ပိုင်လုပ်ငန်းကို တိုးတက်ချင်နေတဲ့သူတွေအတွက် လုံးဝနားထောင်ကြည့်သင့်တဲ့ room လေးဖြစ်ပါတယ်။ ယခုroom လေးက နားထောင်နေကျအမတစ်ယောက် တောင်းဆိုလို့ပြောဖြစ်တဲ့ roomလေးဖြစ်ပြီး ကိုယ်တိုင် နားထောင်ချင်တဲ့topicလေးတွေကို ကိုလပြည့်တို့စီ တိုက်ရိုက်တောင်းဆိုချင်တယ်ဆိုရင် Clubhouse app ထဲက Myanmar Club ရဲ့ live roomလေးကို join ဖို့လဲ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန်
-> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန်
-> https://www.blancafurniture.com - Current read isn’t book review ❌ Current read ဆိုတဲ့ လစဉ်roomလေးက စာအုပ်တွေကို review လုပ်ပေးတာမဟုတ်ပဲနဲ့ စာအုပ်ဖတ်ပြီးတဲ့အခါ သိလာတဲ့အမြင်တွေကို ဘဝအတွေ့အကြုံတွေနဲ့ပါ တွဲပြီးပြောပြပေးထားတဲ့အတွက် အလွန်နားထောင်သင့်တဲ့roomလေးပါ။ ဒီလအတွက် ကိုဝဏ္ဏဖတ်ခဲ့တဲ့စာအုပ်လေးက Seth Godin ရေးသားထားတဲ့ The practice ဆိုတဲ့ စာအုပ်လေးဖြစ်ပြီးတော့ဒီစာအုပ်ထဲက အဓိကဖြစ်တဲ့ “4 types of Human” “Talent is skill” “Love the progress” စတဲ့ အကြောင်းအရာတွေ့ကိုအကျယ်တဝင့်ပြောပြထားပါတယ်။ ကိုလပြည်ကတော့ Jordan Peterson ရဲ့ 12 rules of Life စာအုပ်အထူကြီးထဲက6ချက်ကိုထုတ်နူတ်ကာ အတွေ့အကြုံတွေနဲ့အတူ သေသေချာချာပြန်ရှင်းပြထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မအားတဲ့အခါ ဒီroomလေးကို နားထောင်ရုံနဲ့ international စာအုပ်ကောင်းနှစ်အုပ်နဲ့ရင်းနှီးသွားမဲ့အပြင် စာဖတ်တာထပ်ပိုတဲ့အမြင်တွေကိုပါရရှိစေမဲ့ roomလေးဆိုလဲ မမှားပါဖူး။ မှတ်သားစရာလဲများသလို ပေါ့ပေါ့ပါးပါးနဲ့နားထောင်လို့ကောင်းတဲ့ roomလေးဖြစ်လို့ ယခုပဲနားထောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျ။🙏
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန်
-> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန်
-> https://www.blancafurniture.com - လူအများစုအနေနဲ့ လူရှေ့ စင်မြင့်ပေါ်မှာ စကားပြောဖို့ကို ကြောက်တတ်ကြပါတယ်။ ဒီနေ့စကားဝိုင်းမှာတော့ စင်ကြောက်တတ်တဲ့သူတွေ အခုကနေစပြီး Public Speaking လုပ်ဖို့ စဉ်းစားနေတဲ့သူတွေအနေနဲ့ နားထောင်သင့်တယ်လို့ မြင်ပါတယ်။ ပထမဆုံးအနေနဲ့ လူတွေကကိုယ့်စကားကို ဘာအတွက် နားထောင်ဖို့ လာတာလဲ? စကားပြောတဲ့နေရာမှာ ဘယ်အရာတွေကို Focus လုပ်သင့်လဲ? Audience တွေနဲ့ ဘယ်လို အချိတ်အဆက်ယူမလဲ? ဆိုတာတွေကို ဥပမာတွေနှင့်တကွ ရှင်းပြထားပါတယ်။ ဒါတွေအပြင် Stage Fright ဖြစ်တတ်တဲ့ Introvert တွေအတွက်လည်း အတွေ့အကြုံရှိတဲ့ ကိုမင်းဇော်က Tips and Tricks တွေ အများကြီးကို ပါဝင်ပြောပြထားပါသေးတယ်။ နောက်ဆုံးအနေနဲ့ ကိုဝဏ္ဏက Public Speaking လုပ်ရာမှာ အရေးကြီးလှတဲ့ Storytelling မှာ ပါသင့်တဲ့အချက် ၃ ချက်နဲ့ ကိုလပြည့်ရဲ့ KISS က ဘာဖြစ်မလဲဆိုတာ သိရဖို့ အခုပဲ နားထောင်ကြည့်လိုက်ရအောင်။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန်
-> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန်
-> https://www.blancafurniture.com - Are you born to be leader or learn to be leader? မွေးရာပါ ခေါင်းဆောင်တစ်ယောက် မဟုတ်လို့ စိတ်ညစ်နေလား? အဲ့ဒါဆိုရင်တော့ ကိုဝဏ္ဏနဲ့ ကိုလပြည့်တို့ရဲ့ ဒီစကားဝိုင်းလေးကို နားထောင်လိုက်ပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အရမ်းကို အကျိုးရှိစေမဲ့ နည်းလမ်းတွေကို ပြောပြထားပါတယ်။ အချိန် တစ်နာရီ နှစ်နာရီလေး ပေးလိုက်ရုံနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမဲ့ အရည်အချင်းတွေကို သိရမှာပဲ ဖြစ်ပါတယ်။ ဘယ်လို Mindset တွေနဲ့ ကိုယ့်ရဲ့ Team တစ်ခုကို ဦးဆောင်ရမလဲ? တာဝန်ယူမှု တာဝန်ခံမှုက ခေါင်းဆောင်တစ်ယောက်မှာ ဘယ်လောက်အရေးကြီးတယ်ဆိုတာတွေကိုနားဆင်ကြရမှာပါ။ Audience တွေနဲ့အတူ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာ အခက်အခဲတွေကို ဆွေးနွေးထားတာကိုလည်းမြိုင်မြိုင်ဆိုင်ဆိုင်ကြီး နားထောင်ရဦးမှာပါ။ ကိုလပြည့်ရဲ့ 7 Effective Ways နဲ့ ကိုဝဏ္ဏရဲ့ 4 Things for Leaderships ဆိုတဲ့ အချက်လေးတွေကို ဒီနေ့ရဲ့ Take away message နဲ့ ရအောင် ယူသွားဖို့ အကြံပေးလိုက်ပါရစေ။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန် -> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန် -> https://www.blancafurniture.com
Más podcasts de Educación
Podcasts a la moda de Educación
Acerca de Myanmar Clubhouse Events
မင်္ဂလာပါခင်ဗျာ Clubhouse Myanmar မှာစကားဝိုင်းများကို စုစည်း၍ ပြန်လည်တင်ပြထားသော Myanmar Podcast Channel ဖြစ်ပါတယ်ခင်ဗျ။ Live Event များနားဆင်လိုပါက Clubhouse Application ကို download ပြုလုပ်၍ နားဆင်နိုင်ပါတယ် 🙏🏻
#myanmar #myanmarpodcast #burmese #burmesepodcast #clubhouse #myanmarclubhouse
Sitio web del podcastEscucha Myanmar Clubhouse Events, Mis Propias Finanzas y muchos más podcasts de todo el mundo con la aplicación de radio.net

Descarga la app gratuita: radio.net
- Añadir radios y podcasts a favoritos
- Transmisión por Wi-Fi y Bluetooth
- Carplay & Android Auto compatible
- Muchas otras funciones de la app
Descarga la app gratuita: radio.net
- Añadir radios y podcasts a favoritos
- Transmisión por Wi-Fi y Bluetooth
- Carplay & Android Auto compatible
- Muchas otras funciones de la app


Myanmar Clubhouse Events
Escanea el código,
Descarga la app,
Escucha.
Descarga la app,
Escucha.
































